မြောက်ဥက္ကလာပမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်( ၈)နာရီ ()ရပ်ကွက်နှင့် () ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် ()ရပ်ကွက် သုနန္ဒာလမ်းနှင့် ()ရပ်ကွက် မြရတနာ()လမ်း Censun Unit 001 တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အဦစာရင်းတင်ခြင်း (ဆ-၀၂)ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်လဝကမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများပူးပေါင်း၍ အဖွဲ့(၂)ဖွဲ့ခွဲကာ အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်(၁၉)ရပ်ကွက်ရှိပြီး အဆိုပါရပ်ကွက်များကို အဖွဲ့ (၁၄)ဖွဲ့ခွဲကာ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်လဝကဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းမင်းမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)