ဒေးဒရဲ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်မှစ၍ လူနေ/လူမနေ အဆောက်အဦများအား Mobile Tablet အသုံးပြု၍ မှတ်တမ်းတင်ကောက်ယူခြင်းအား စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုစာရင်းကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမွန်မြတ်သူစိုး၊ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ ကောက်ကွက်များအလိုက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို သက်ဆိုင်ရာအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့ပြ Census Unit များအတွင်းရှိ အဆောက်အအုံများ၏ တည်နေရာ၊ အရေအတွက်၊ အမျိုးအစား၊ အသုံးပြုမှုနှင့် လူနေထိုင်သော အိမ်ထောင်စုအရေအတွက်တို့ကို မှတ်တမ်းတင်သိရှိနိုင်ရန် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းများကို GIS နည်းပညာဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးနိုင်ဦးလှိုင်နှင့် ဝန်ထမ်းများက Survey 123 အသုံးပြု၍ MobilePhone Tablet များဖြင့် အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
အေဇာလင်း