တိုက်ကြီးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်

တိုက်ကြီး ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အင်္ဂလားရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် အင်္ဂလားရပ်ကွက် ချမ်းမြသာစည် (၁) လမ်း CU 002 နှင့် ချမ်းမြသာစည် (၄) လမ်း CU 002 တို့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံစာရင်းတင်ခြင်း (ဆ-၀၂) ကောက်ယူခြင်းလုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်း၊ အဖွဲ့ဝင် (၂) ဦးစိုးဝင်းမောင်၊ အတွင်းရေးမှူး ခရိုင်ရဲမှူး ဝင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦးစီးအရာရှိ ဦးအောင်မင်းထွေးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြပြီး ဝန်ထမ်းများ၏ ဆောင်ရွက်မှုအား တိုက်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)