ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရွှေကျင် ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) Grade (6) တန်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ Grade(6)တန်းမှ ဆရာမကြီး‌ဒေါ်ဟေမာန်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်မို့မို့သွင် (ရုပ်သံကျွမ်းကျင်-၃) က လူကုန်ကူးမှုခံရသူများနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့်ဒုက္ခများကို အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ‌ကျောင်းသား၊ ကျောင်းသူများ၏ သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုနှင့်ပတ်သတ်သည့် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကိုပြသခဲ့ရာ စိတ်ဝင်တစား လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)