ပထမပြန်စာမေးပွဲ‌အောင်သံဃာတော်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကော့မှူး ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကသစ်ကုန်းအရိမဒ္ဒနာရာမပရိယတ္တိစာသင်တိုက်၏ ဘဝနတ်ထံစံလွန်‌တော်မူသော ဆရာတော်ကြီး (၃) ပါးနှင့် ပထမပြန်စာမေးပွဲအောင်သံဃာတော်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ၁၀ နာရီအချိန်က ကသစ်ကုန်းအရိမဒ္ဒနာရာမပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး အရိမဒ္ဒနာရာမပရိယတ္တိစာသင်တိုက်၏ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဣန္ဒာစက္ကထံမှ ငါးပါးသီလခံယူတော်မူကြပြီး ဓမ္မာစရိယတန်း‌သုံးကျမ်းအောင် သံဃာ‌တော်နှစ်ပါး၊ ဓမ္မာစရိယတန်းနှစ်ကျမ်းအောင် သံဃာ‌တော်လေးပါး၊ ပထမလတ်တန်းအောင် သံဃာတော်ခြောက်ပါး၊ ပထမငယ်တန်းအောင်သံဃာတော် (၂၉)ပါး၊ အခြေပြမူလတန်းအောင် သံဃာတော်(၁၆)ပါး၊ စုစုပေါင်း(၅၈)ပါး တို့အားအောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တဣန္ဒာစက္ကထံမှ‌ရေစက် သွန်းချတရားတော်များနာယူခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓဿသံနံစိရံတိဋ္ဌတုသုံး ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကျော်သူရ