ကျောက်ဆည် ဇန်ဝါရီလ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် နေထိုက်လျက်ရှိသော ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသုံးဆီ အခက်အခဲ မရှိစေရေး စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက စားအုန်းဆီတစ်ပိဿာငွေ (၅၃၉၁) ကျပ်ဖြင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများအား ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းအသင်းမှ Aung Thapyay Khaing Traing Co,Ltdနှင့် Global Good Pure Co,Ltd တို့မှ ရည်ညွှန်းဈေး တစ်ပိဿာ ငွေ(၄၉၅၅)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်များအား ခရိုင် စုပေါင်းရုံးဝန်းတွင် နေလသုခ၊ အေးချမ်းသူ၊ ယံယံ၊ ကြံတိုင်းအောင် စားသုံးဆီအရောင်းဆိုင်များမှ စားအုန်းဆီ ပိဿာချိန် (၂၄၀၀) ပိဿာကိုလည်းကောင်း၊ ကျောက်ဆည်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မြို့နယ်စုပေါင်းရုံးဝန်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းတွင် နေလသုခ၊ ဝင်းရတနာ၊ အာကာကျော်၊ ဂျူးဂျူး၊ မီဇာန်၊ အမေထွား ဆီအရောင်းဆိုင်များမှ စားအုန်းဆီပိဿာ (၃၆၃၀) ပိဿာအား (၁)ပိဿာ ငွေကျပ်(၅၃၉၁)ကျပ်ဖြင့် အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)