မက်မန်းမြို့ အောင်သံလွင်ကျေးရွာတွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ

မက်မန်း ဇန်နဝါရီ ၁၈

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန် ရည်ရွယ်၍ မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်ရေးရာနှင့်ပတ်သက်၍ “လူငယ်နှင့် မိုဘိုင်းဖုန်းသုံးစွဲမှုအကြောင်း” ဟောပြောရာတွင် ယနေ့လူငယ်များသည် မိုဘိုင်းဖုန်းများကို နေ့စဉ်သုံးစွဲလျက်ရှိ ကြောင်း ၊မိုဘိုင်းဖုန်းသုံးစွဲမှုဖြင့် ကောင်းကျိုးများစွာ ရရှိနိုင်သလို ဆိုးကျိုးများစွာလည်း ရရှိနိုင်ပါကြောင်း၊ လူငယ်များအနေဖြင့် မိုဘိုင်းဖုန်းများကို အသိပညာ၊ အတတ်ပညာများရှာဖွေရာတွင် သုံးစွဲပါက ကောင်းကျိုးများရရှိနိုင်မည်ဖြစ်ပြီး ဂိမ်းကစားခြင်းများတွင် အချိန်ကုန်နေပါက ကျန်းမာရေးဆိုင်ရာဆိုးကျိုးနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများသာ ရရှိနိုင်ပါကြောင်း၊ လူငယ်များ၏ မိုဘိုင်းဖုန်းသုံးစွဲမှုအား အုပ်ထိန်းသူမိဘများအနေဖြင့် သတိထား၍ ကြပ်မတ်ကြည့်ရှုသင့်ပါကြောင်း၊ မိုဘိုင်ဖုန်းအားအကျိုးမဲ့စွာ အသုံးပြုခြင်းများကြောင့် ပညာရေးတွင်လည်း အားနည်းခြင်းများ ဖြစ်လာနိုင်ပါကြောင်း၊ ယနေ့လူငယ်များ၏ ဘဝတိုးတက်ရေးကို ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း ဟောပြောခဲ့သည်။

လူငယ်ရေးရာ ဟောပြောပွဲတွင် မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာမှ ကျေးရွာသူ/သား (၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)