ငါးသိုင်းချောင်း ဇန်နဝါရီ ၁၈
ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre) ခန်းမတွင် မြို့မဂ္ဂဇင်း ဖြစ်မြောက်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁၃း၃၀) အချိန်က ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ဇာဇာလှိုင်က မိတ်ဆက်အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသော မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်းမှ စာရေးဆရာများနှင့် စာပေဝါသနာရှင်များမှ အပြန်အလှန် ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)