မင်္ဂလာဒုံ ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းမာကဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက Pfizer ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမိနစ် ၃၀ တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းမာက အဖွင့်မှာစကားပြောကြားပြီးနောက် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ Pfizer Vaccine ဆေးထိုးနှံပေးခဲ့သည်။ အဆိုပါဆေးတစ်လုံးကို လူ(၇)ဦးထိထိုးနှံနိုင်ပြီး အသက် ၅၀ နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် ပြည်သူလူထုများအပါအဝင် လူအင်အား(၂၀၀)ခန့်ထိုးနှံပေးခဲ့သည်။ ဆေးထိုးနှံရာတွင် ဆီးချို၊ သွေးတိုးသမားများကိုဦးစားပေး၍ ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)