တောင်သာမြို့နယ် ရုံးတော အ.ထ.က တွင် ပညာရေးစုံညီပွဲတော်ကျင်းပ

တောင်သာ ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရုံးတောကျေးရွာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရုံးတောအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမိုးအေးက ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများ တွဲလက်ညီစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပညာရေးကဏ္ဍမြင့်တင်ရခြင်းကျောင်း၏ဂုဏ်ဆောင် ထူးချွန်ကျောင်းသား/သူများ ထပ်မံထွက်ပေါ် လာစေရေးအကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ရုံးတောအခြေခံပညာအထက်တန်းကျောင်းမှ ပညာရည်ချွန်ဆု ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသော ကျောင်းသား/ကျောင်းသူ(၃၆)ဦး၊ နေ့ထူးနေ့မြတ်များ၏ ကဗျာ၊ စာစီစာကုံး ဆုရကျောင်းသား/သူ(၄၃)ဦး၊ ကိုယ်ကာယအားကစား​ပြိုင်ပွဲ ဆုရကျောင်းသား/သူ (၃၉)ဦး၊ စုစုပေါင်း (၁၁၈) ဦးတို့အား ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက ချီးမြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)