မိုင်းယန်း အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းမှစတင်၍ ကောက်ယူလျက်ရှိသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များမှ လူဦးရေနှင့် အိမ်အကြောင်းအရာများ၊ အိမ်ထောင်စုအသီးသီးတို့၏ အချက်အလက်များ၊ စာရင်းများအား Tablet အသုံးပြု၍ CAPI နည်းပညာဖြင့် တစ်အိမ်တက်ဆင်း စနစ်တကျမေးမြန်း ကောက်ယူနေမှုအခြေအနေများကို စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မိုင်းယန်းခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့် ခရိုင်/ မြို့နယ် သန်းခေါင်စာရင်းကော်မတီ အဖွဲ့ဝင်မျာတို့မှ လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း(၂၈)ကွက်ကို စာရင်းစစ်၊ စာရင်းကောက် (၂၀)ဦးဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး