ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်း‌ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများကြည့်ရှုအားပေး

ကြို့ပင်ကောက်  အောက်တိုဘာ  ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူမှုအား ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

စာရင်းစစ် စာရင်းကောက်များမှ ဒေသခံပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ မေးမြန်းစာရင်းကောက်ယူနေမှုအား သာယာဝတီခရိုင် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးဝင်မြတ်ထွဋ်နှင့်အဖွဲ့မှ ကြည့်ရှုအားပေးပြီး သန်းခေါင်စာရင်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများကို ဒေသခံပြည်သူများအား ရှင်းလင်းအသိပညာပေးပြောကြားသွားကြောင်းသိရသည်။

ကြို့ပင်ကောက် မြို့နယ်အနေဖြင့် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၉) အုပ်စုတွင် စာရင်းကောက်ကွက် (၃၄၀)ကွက်အား စာရင်းစစ်စာရင်းကောက် အင်အား (၁၂၇)ဦးဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)