ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ကောက်ယူမှုအား ခရိုင်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေး

ကျောက်တံခါး အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယမန်နေ့က ညောင်လေးပင်ခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောက်တံခါးမြို့နယ်အတွင်းရှိ   ရပ်ကွက်/ ကျေးရွာများတွင်  ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင်  လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စု (၅၄) အုပ်စု၌ ကောက်ကွက်ပေါင်း (၄၀၂) ခုတွင် စာရင်းစစ် စာရင်းကောက် (၁၈၈) ဦးဖြင့် ကောက်ယူလျက်ရှိကြောင်းသိရသည်။

ထိုသို့ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)