မင်းလှ အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ World Teachers’ Day အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ကျောင်းသား/သူလေးများက မြတ်ဆရာသီချင်း သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဒုတိယမြို့နယ်ပညာရေးမှူး ဦးဖြိုးမင်းပိုင်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အသက် (၇၅) နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီး (၉၄) ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်နူန်းစီဖြင့်စုစုပေါင်း (၂၈၂၀၀၀ဝိ/-) ကို ပူဇော်ကန်တော့ခဲ့၍ ကန်တော့ခံဆရာကြီးဦးစိုးမြင့်က ဩဝါဒဆုံးမစကားများပြောကြားပေးခဲ့ကြောင်း၊ မြို့နယ်အဆင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)