ပြည် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေး ထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်လုံးညိုကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဌေးဇော်က (RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်/ ထုတ်ချေးပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါကျေးရွာအတွက် ကျေးလက်စီးပွားမြင့်မားရေးထူထောင်ခြင်းလုပ်ငန်း (RBF) ရန်ပုံငွေ ကျပ်သိန်း(၃,၀၀)ကို ကျေးရွာပြည်သူများထံ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ ပြည်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မှော်ဇာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)