ရွှေဘို အ.ထ.က (၃) ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူကြမည့် စာရင်းစစ်/ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကောက်ယူကြသည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် အ.မ.က(ခြင်္သေ့နှစ်ကောင်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အ.မ.က(ခြင်္သေ့နှစ်ကောင်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ သစ်တောဦးစီးဌာန၊ ခရိုင်ရုံး မြေနေရာအဖြစ်အသုံးပြုထားသည့် မြေနေရာအတွက် ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့မနက်(၁၀)နာရီက အ.မ.က(လွန်)ကျူချောင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်းထိန်းသိမ်းမှု (အခြေခံသင်တန်း) ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(ဆွယ်)စက်မှုလယ်ယာစခန်း၊ အင်္ဂပူမြို့တွင် ယနေ့ နံနက်ပိုင်းက လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်မှု(အခြေခံသင်တန်း)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း သင်တန်းဆင်းပွဲကို ယနေ့က အဆိုပါဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်တွင် နမ့်လတ်ချောင်းရေလျှံမှုကြောင့် ရပ်ကွက်(၃)ခုရှိ လူနေအိမ်များအတွင်း ရေများထပ်မံဝင်ရောက်လျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အောက်တိုဘာလ ၂ ရက်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်စန်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေလျှံကာ ယမန်နေ့နေ့လည်ပိုင်းမှစတင်၍ ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းလူနေအိမ်များအတွင်း ရေများထပ်မံဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Subscribe to