တာလေမြို့တွင် မိုးစပါးထွက်နှုန်းတိကျမှန်ကန်ရေး ကွင်းဆင်း၍ စံကွက်ရိတ်သိမ်း

တာလေ အောက်တိုဘာ ၅  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးထွက်နှုန်းတိကျမှန်ကန်ရေးကွင်းဆင်း၍ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြိုအုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးဝင်းလှိုင်နှင့် မြို့ကြေးတိုင်နှင့်‌မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဘို‌‌လေးနှင့်ဝန်ထမ်းများက တာလေမြို့ မိုင်းလင်း (အရှေ့)ကျေးရွာအုပ်စုရှိ ကွင်းအမှတ် - ၇၆/၂၊ လန့်တောင်းကွင်းတွင် တောင်သူ ဦးစိုင်းဆမ်ကျွတ် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ စပါးစိုက်ခင်းကို စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက စပါးအစိုအထွက်နှုန်းမှာ (၉၇.၆၂)တင်းထွက်ရှိကြောင်း သိရသည်။

မိုးလရောင် (ပြန်ဆက်)