မြစ်သား အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြစ်သားမြို့နယ်အတွင်း လက်ရှိရေဝင်ရောက်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ပြင်စည်ကျေးရွာအုပ်စု ဖြိုးမောက်ဆီဆိုင်မိသားစုမှ လာရောက်လှူဒါန်းခဲ့သည့် ဆန်၊ ဆီ၊ ဆားအစရှိသည့် လှူဒါန်းပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ပြင်စည်ကျေးရွာအုပ်စု ဖြိုးမောက်ဆီဆိုင်မိသားစုမှ လှူဒါန်းခဲ့သည့် ယခုလက်ရှိရေဝင်ရောက်လျက်ရှိသော ဘူတာဝန်ထမ်းကွက်သစ်ရပ်နှင့် ရှမ်းပွဲရပ်ရှိ ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက်ကူညီလှူဒါန်းပေးခဲ့ကြောင်း မြစ်သားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)