တာလေ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦး၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်နှင့် တာလေမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်တို့က တာလေမြို့ မိုင်းလင်းအုပ်စု၊ ပါလိုင်ကျေးရွာရှိ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမြင်ကျယ်စေရန် စာအုပ်စာပေများ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ စာကြည့်တိုက်အသစ်တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပြီး စာကြည့်တိုက်မြေနေရာအား ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)