မြစ်သားမြို့နယ် သမတန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်ပါကူညီပို့ဆောင်ပေး

မြစ်သား အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သမတန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများအား မြစ်သား မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦး‌ဆောင်ကာ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများများ အတွက် မန္တလေးမြို့မှ စေတနာရှင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဆန်၊ ရေသန့်၊ မုန့်မျိုးစုံတို့အား မြစ်သားမြို့ နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦး‌ဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များမှ သမတန်းကျေးရွာရှိ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သော အိမ်ထောင်စု (၅၇) စု၊ လူဦးရေ (၁၉၈) ဦး၊တို့အတွက် အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများအား သွားရောက်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)