မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၉/၂၀၂၄) ဖွင့်လှစ်

ချောင်းဆုံ အောက်တိုဘာ ၈

မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး တောင်သူများအား နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေသည့်   စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၉/၂၀၂၄) ကို ယမန်နေ့က ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၉/၂၀၂၄)ကို မွန်ပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများတက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ (၁၅) ဦးတို့အား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြ (၄) ဦးတို့မှ အောက်တိုဘာ (၇) ရက်နေ့မှ (၈) ရက်နေ့အထိ (၂) ရက်ကြာ ဆွေးနွေးသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)