အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား မူလစံကျောင်းတော်၌  ရေများပြန်လည်ကျဆင်းလာ ဒေသခံများလာရောက်၍ဆွမ်း၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ လာရောက်ကပ်လှူပူဇော်

ညောင်ရွှေ  အောက်တိုဘာ ၉

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသီတင်းသုံးစံပယ်တော်မူသည့် မူလစံကျောင်းတော်၌ ရေများပြန်လည်ကျဆင်းလာ၍ ရင်ပြင်တော်နှင့် စံကျောင်းတော်အဝင် မုခ်ဦးလမ်းများ ပြန်လည်အသုံးပြု၍ရနေပြီဖြစ်ကြောင်း သိရ သည်။

ယမန်နေ့နံနက်ပိုင်းတွင် ဒေသစာရီကြွချီပူဇော်ခံရာဌာနများဖြစ်သည့် ပွဲစားကုန်းကျေးရွာ၊ လင်းကင်းကျေးရွာတို့မှ ဆွမ်းဒကာ၊ ပန်းဒကာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများသည် မူလစံကျောင်းတော်၌ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဖူးမြော်ကြည်ညို၍ ဆွမ်းတော်၊ ပန်းတော်၊ ရေချမ်းတော်များနှင့် ရွှေသင်္ကန်းတော်များ လာရောက်ကပ်လှူ ပူဇော်လျက်ရှိကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ