ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်းများနှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျောက်ဆည် အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်း ရေဘေးသင့်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့မှုတန်ဖိုးငွေ (၂၀၇၆၆၅၆၀)ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးက မြို့နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ရေများဝင်ရောက်ခဲ့ပြီး လူနေအိမ်များပျက်စီးခဲ့သည်အထိ ဖြစ်ပေါ်ခဲ့သော ကြောင့် လူနေအိမ်များ ပြန်လည်ဆောက်လုပ်နေနိုင်ရေးနှင့် စားသောက်ရေးအဆင်ပြေစေရေး၊ စားသောက်စရိတ်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းနှင့်အတူ ကျေးရွာအုပ်စု (၁၆)အုပ်စု၊ ကျေးရွာ(၁၇) ရွာ၌ ရေမျောပျက်စီးခဲ့သည့် အိမ်ခြေ(၈၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၅၀၀၀၀၀)ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းငွေ(၅၀၀၀၀)ကျပ်၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၅၅၀၀၀၀)ကျပ်နှင့် အိမ်ထောင်စု(၈၅)စုစာ တန်ဖိုးငွေ(၁၂၂၁၆၅၆၀)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့မှု တန်ဖိုးငွေ (၂၀၇၆၆၅၆၀)ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မင်းနှင့်အတူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)