ထန်းတပင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အုန်းပင်ကျေးရွာအုပ်စု သရက်ပင်ကျေးရွာတွင် ယမန်နေ့မွန်းလွဲပိုင်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ဆက်လက်ကောက်ယူလျက်ရှိသည်။

အလုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊အလုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို  ယနေ့နံနက် ၇ နာရီခန့်က ဆင်မင်းရပ်ကွက်နှင့် ဌာနာရပ်ကွက်တို့တွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့၌ ၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နေကြာ) အထွက်နှုန်းတိုးတက်စေရေး ပညာပေးရက်တိုသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ဆောင်းဆီထွက်သီးနှံ (နေကြာ) အထွက်နှုန်းတိုးတက်စေရေး ပညာပေးရက်တိုသင်တန်းကို ယနေ့နံနက်၉နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဖွင့်လှစ်ကျင်းပသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူနေမှုကို ကြည့်ရှုအားပေး

ပေါက်ခေါင်းမြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူကြသည့် စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့တွင် ပေါက်ခေါင်းမြို့နယ် မြို့တောင်ကျေးရွာတွင် စာရင်းများဆက်လက်ကောက်ယူကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် သက်ကြီးဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် (အငြိမ်းစား) မြို့နယ်ပညာရေးမှူးဆရာကြီး၊ ဆရာမကြီးများနှင့် ထက်၊ လယ်ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို အမှတ်(၃) အ‌ခြေခံပညာအထက်တန်း‌ကျောင်း၊ တော်ဝင်သဇင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to