ဗိုလ်တထောင် အောက်တိုဘာ ၁၁
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ဗိုလ်တထောင်မြို့နယ်အတွင်း အောက်တိုဘာလ(၁) ရက်နေ့မှစတင်၍ သက်ဆိုင်ရာသန်းခေါင်စာရင်းကောက်ကွက်များအလိုက် ကောက်ယူလျက်ရှိပြီး ယမန်နေ့က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ဗိုလ်တထောင်မြို့နယ်အတွင်း လူဦးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် ဗိုလ်တထောင်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးမျိုးဝင်းရှိန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အမှတ်(၅)ရပ်ကွက် ကောက်ကွက်တို့တွင် မြို့နယ်အဆင့် ကြီးကြပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့က သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဗိုလ်တထောင်မြို့နယ်အတွင်း စာရင်းစစ်/စာရင်းကောက် (၄၈)ဦး၊ စာရင်းကောက်အဖွဲ့ပေါင်း(၈)ဖွဲ့တို့ဖြင့် ကောက်ကွက်ပေါင်း (၈၈) ကွက်တို့တွင် CAPI စနစ်အသုံးပြု၍ Mobile Tablet များဖြင့် ကောက်ယူခဲ့ရာ အောက်တိုဘာလ(၉)ရက်နေ့အထိကောက်ကွက်ပေါင်း (၇၁) ကွက်ပြီးစီးပြီး အိမ်ထောင်စုပေါင်း(၆၃၂၆) စု၊ ရာခိုင်နှုန်းအနေဖြင့် ခုနှစ်ဆယ့်လေးရာခိုင်နှုန်းအထိ ကောက်ယူ ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်များကိုလည်း ဆက်လက် ကောက်ယူလျက်ရှိ ကြောင်းသိရသည်။
ခင်ဝင်း(ပြန်/ဆက်)