သန်လျင်ခရိုင်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆက်လက်ကောက်ယူ

ရန်ကုန် အောက်တိုဘာ ၁၁

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ဆက်လက်ကောက်ယူလျက်ရှိရာ ယမန်နေ့နံနက်တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်မြင့်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ သန်လျင်နှင့်ကျောက်တန်းမြို့နယ်တို့မှ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များသည် ရပ်ကွက်နှင့်ကျေးရွာများအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

သန်လျင်ခရိုင်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးအတွက် စာရင်းစစ်၊ စာရင်းကောက်များ နှင့်အတူ အထောက်အကူပြုအဖွဲ့များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ(ခရိုင်ပြန်/ဆက်)