ပခုက္ကူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ စတင်ကောက်ယူ

ပခုက္ကူ အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယမန်နေ့နံနက် ၇ နာရီခွဲအချိန်ကစတင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း ကောက်ယူကြသည်။

ထိုသို့ကောက်ယူရာတွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်ကော်မတီဝင်များက လှည့်လည်ကြည့်ရှုအားပေးကြပြီးစာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ပခုက္ကူမြို့၊ အမှတ်(၁)နှင့် အမှတ်(၂) ရပ်ကွက်များအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အချက်အလက်ချက်များအား CAPI နည်းပညာဖြင့် Tablet အသုံးပြု၍ တစ်အိမ်တက်ဆင်းလှည့်လည် မေးမြန်းကောက်ယူကြသည်။

ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၁၅)ရပ်ကွက်ရှိပြီး စာရင်းစစ်၊စာရင်းကောက်အဖွဲ့ပေါင်း ၁၇ ဖွဲ့ဖြင့် ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)