မုဒုံမြို့နယ်ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၁၅၀)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

တမူးမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို‌ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ နိုင်ငံ့တစ်ဝန်းတွင် ကောက်ယူလျက်ရှိရာ တမူးမြို့နယ်၌ ယနေ့နံနက်ပိုင်းက (၁၀) ရက်မြောက်နေ့အဖြစ် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ဖြစ်သည့် မြို့မရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ စော်ဘွားရပ်ကွက်နှင့်စန္ဒကူးရပ်ကွက်တို့တွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အလှူရှင်များက မဲနယ်တောင်ဒေသနှင့် ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အလှူရှင်များက မဲနယ်တောင်ဒေသနှင့်  ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာဘုန်းတော်ကြီးကျောင်းတို့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပခဲ့သည်။

ရမည်းသင်းခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေး

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရမည်းသင်းခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။

ဟုမ္မလင်းမြို့နယ်တွင် အခြေခံစက်ချုပ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ(၃)နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ ဇီဝမာရ်ပြေဘုန်းတော်ကြီးကျောင်း၊ သမဏသုခကာရီဆွမ်းစားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ညနေ (၄)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

(၁၃၆) ကြိမ်မြောက် မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပူသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ (၁၃၆)ကြမ်မြောက် ဗုဒ္ဓပူဇနိယပွဲ​တော် ဖွင့်ပွဲအခမ်းအနားကို ဘုရားအရှေ့မုခ်၌ ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်က ကျင်းပပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်းမြို့နယ်များ၌ သန်းခေါင်စာရင်းကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ပြည်ခရိုင်အတွင်း မြို့နယ်များ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Subscribe to