ဖျာပုံမြို့နယ်အတွင်း စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် ဆက်လက်ထုတ်ပေး

ဖျာပုံ ​အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်း စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် လိုက်လံထုတ်ပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့၊ အမှတ် (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖြန့်ဝေပေးကြခဲ့သည်။

အဆိုပါ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် လိုက်လံထုတ်ပေးရာတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွေးသိမ်း၊ ဒုတိယခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ဖျာပုံမြို့ အမှတ် (၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုကို (၁)လလျှင် တစ်ပိဿာ ငါးဆယ်နှုန်းဝယ်ယူနိုင်​ရေး စားအုန်းဆီဝယ်ယူခွင့်စာအုပ်များအား ပြည်သူ့လက်ဝယ် အရောက် လိုက်လံထုတ်ပေး​ပြီး၊ဖျာပုံမြို့ပေါ် ရပ်ကွက်များအား ဦးစား​ပေး ဖြန့်ဝေပေးလျက်ရှိ သည်။ ဖျာပုံမြို့နယ်အတွင်းရှိ ကျန်ကျေးရွာများကိုလည်း နေ့ရက်အလိုက် စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များ ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)