ရမည်းသင်း အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရမည်းသင်းခရိုင်/မြို့နယ်သန်းခေါင်းစာရင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကွင်းဆင်းကြည့်ရှု အားပေးကြသည်။
ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်အောင်မင်္ဂလာရပ်ကွက်ကြီး၊ ရွှေပြည်သာရပ်ရှိ ခရိုင်စိုက်ပျိုးရေးရုံးဝန်းအတွင်းတွင်နေထိုင်သည့် ဝန်ထမ်းမိသားစုများအား သန်းခေါင်စာရင်း ကောက်ယူနေမှုကိုလည်းကောင်း၊ မြို့မရပ်ကွက်ကြီး၊ ရွှေကူရပ်ကွက်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေမှုကိုလည်းကောင်း၊ ဆက်လက်၍ အောင်မင်္ဂလာရပ်ကွက်၌ကောက်ကွက်များအတွင်း စာရင်းကောက်ယူနေမှုကို ကြည့်ရှုအားပေးကာ ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက သန်းခေါင်စာရင်း ကောက်ယူနေသည့်အဖွဲ့များအား ပြည်သူများထံသို့ စာရင်းကောက်ယူရာတွင် စာရင်းများအကြားအလပ်မရှိ အလေးထားဆောင်ရွက်ရန်နှင့် မှန်ကန်မှုရှိစေရေးတို့ကိုစနစ်တကျ ကောက်ယူပေးရန် မှာကြား သည်။
ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၃ အုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာ ၆၈ အုပ်စုရှိ ကောက်ကွက်ပေါင်း(၅၆၀)အား စာရင်း ကောက်ယူရေးအဖွဲ့(၄၇)ဖွဲ့ဖြင့် ကောက်ယူလျက်ရှိပြီး အောက်တိုဘာ(၉)နေ့ထိ ကောက်ကွက် (၃၈၁)ကွက်၊ အိမ်ထောင်စုပေါင်း (၄၂၇၆၀)ထိကောက်ယူပြီးစီးကာ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံက သိရသည်။
ရိုင်(ပြန်/ဆက်)