အမရပူရမြို့တွင် သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့လျရေးနေ့ အထိမ်းအမှတ်နေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အိုးတော်ရပ်ကွက်အိုးတော်မူလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့နယ် ကဿ်ခြေနီအသင်းခွဲမှကြီးမှူး၍ အောက်တို ဘာလ၁၃ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Reduction-13rd October. 2024) အထိမ်းအမှတ်နေ့အခမ်းအနားကိုကျင်းပခဲ့သည်။

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာသီတင်းကျွတ်မီးပုံးများ အရောင်းအဝယ်သွက်လျက်ရှိ

မြန်မာသက္ကရာဇ် ၁၃၈၆ခု သီတင်းကျွတ်မီးထွန်းပွဲတော်ရောက်ရှိလာမည်ဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိနေအိမ်အများစုမှာ သီတင်းကျွတ်ကာလတွင် ရောင်စုံမီးပုံးများကိုအလှဆင်ချိတ်ဆွဲကာ ဆီမီးထွန်းပူဇော်ကြသလို ကလေးငယ်များအနေဖြင့်လည်း မီးပုံးလက်တွန်းလှည်းကလေးများဖြင့် ဆော့ကစားတတ်ခြင်းတို့ကြောင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် မီးပုံးပြုလုပ်ရောင်းချသူများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

အောင်လံမြို့နယ် ပြလို့မြို့ မုဒြာစာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြလို့မြို့ မုဒြာစာကြည့် တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြလို့မြို့ အမှတ် (၃) ရပ်ကွက်တွင်ပြုလုပ်ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း ၁၅၀၁၂ ဧက ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း အဓိက စိုက်ပျိုးဖြစ်ပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း ၁၅၀၁၂ ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူလျက်ရှိသည့် မဲကင်းကုန်းကျေးရွာအုပ်စု၊ ဇီးချိုကုန်းကျေးရွာအုပ်စုနှင့် ရှင်တော်ကုန်းကျေးရွာအုပ်စုရှိ မင်္ဂလာရန်ကင်း ပြည်သူအငှားအိမ်ရာသို့ ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အတွင်းရေးမှူး ဦးသန်းထွန်းအောင်၊ အဖွဲ့ဝင် ၂ ဦးတင်မောင်ဝင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေယံမင်း၊ အတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စာရင်းစစ်/ စာရင်းကောက်များ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပြင်ဦးလွင်ခရိုင်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ကြီးကျေးရွာသုတ စာကြည့်တိုက်သို့ကွင်းဆင်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ၏ လိုအပ်ချက်များကို ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ပေးနိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင် စာရေးဆရာ ကိုရွှေအောင်သင်း ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ပိန္နဲကုန်းကျေးရွာအုပ်စု၊ အင်ကြီးကျေးရွာရှိ သုတစာကြည့်တိုက်သို့ သွားရောက်ကွင်းဆင်းကာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပါအဝင် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားပြုလုပ်

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသမ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်ကြီး(၉)ပါး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နင်းဘိုမြို့တွင် အောက်တိုဘာ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ရန်အတွက် ယမန်နေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to