ပေါင်းတည်၌ မိုးစပါးဧက ခုနစ်သောင်းကျော် စိုက်ပျိုးထားရှိမှု ဖြစ်ထွန်းအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မိုးစပါး (၇၃၅၁၄) ဧက စိုက်ပျိုးခဲ့ကြပြီး သဘာဝဘေးအန္တရာယ် လွတ်ကင်းခဲ့ကာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းစာသင်ဝိုင်း သင်ကြားနေမှုများအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများသင်ကြားနေမှုများအား ယမန်နေ့နံနက်ပိုင်းက စ‌ဉ်ဆက်ပညာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။

ဟိုပုံးမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စက်ချုပ်နည်းပညာသင်တန်း(မွမ်းမံ) ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်း(မွမ်းမံ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ပွင့်လင်းရာသီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့ မြို့မစျေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ ဒက္ခိဏစျေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign) နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီက မြို့မစျေးအတွင်းရှိ စျေးသည်များကို ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးပေါ့ဆမှုမရှိစေရေး၊ မီးလောင်မှုလျော့နည်းပပျောက်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)ခွဲအချိန်က လမ်းမတော်လမ်းမကြီးနှင့် ရွှေတောင်စုမြို့ဝင်လမ်းဘေးရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ကြသည်။

ဘိုကလေးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတိမူစေရေးအတွက် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဒေသအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသုံးစွဲသူပြည်သူများ မီးသတိမူစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် တာဝန်ရှိသူများက မြို့နယ်တွင်းရှိ ဆန်စက်များ၊ ဖုန်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား မီးသုံးစွဲမှုနှင့်ပတ်သတ်၍ ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို   အောက်တိုဘာ ၁ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ စာရင်းစစ်၊စာ ရင်းကောက်များအား အောက်တိုဘာ (၁၄) ရက်နေ့က သန်းခေါင်စာရင်း ကောက်ကွက်များရှိ စုရပ်များတွင် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ရေကြီးနစ်မြှပ်ဧကများ ပြန်လည်ကုစားရန် သွင်းအားစုထည့်သွင်းခြင်းနှင့် ဆေးဖျန်းခြင်းကွင်း သရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သဘာဝဘေးကြောင့် ရေကြီးနစ်မြှပ်သည့် (၁၅) ဧကအား ပြန်လည်ကုစားရန် သွင်းအားစုထည့်သွင်းခြင်းနှင့် ဆေးဖျန်းခြင်း ကွင်းသရုပ်သပြပွဲကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့နယ် ကန်ချောကျေးရွာအုပ်စု ကန်ချောကျေးရွာ ကွင်းအမှတ်(၁၄၂၆)၊ ဦးပိုင် ၃၅/၃ (က) တောင်သူ ဦးမြင့်အောင် လယ်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to