အထက်မင်းလှ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဇေယျာသီရိဈေးတွင် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့မှ ယနေ့နံနက် (၈) နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ဇေယျာသီရိအတွင်းရှိ စျေးဆိုင်ခန်းများအား သန့်ရှင်းသပ်ရပ်စွာဖြင့် ရောင်းချမှုရှိ/ မရှိနှင့် စျေးအတွင်း မီးဘေးလုံခြုံရေးဆိုင်ရာများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုးများကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ မီးသတ်ရေကန်များတွင် ရေသိုလှောင်ထားရှိမှုများ၊ မီးဘေးကာကွယ်ရေးအတွက် ဒိုင်းရှင်းများနှင့် အမြင့်တင်ရေစုပ်စက်များအား ကြံ့ခိုင်မှု ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ဈေးရောင်းချသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)