ကျောင်းကုန်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က လိုက်လံစစ်ဆေးခဲ့ကြသည်။
ယခုအခါ မိုးအကုန်ဆောင်းအကူး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအတွင်း မီးသတ်ဆေးဘူးများရှိရေး၊ ဈေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိ/မရှိ ပူးပေါင်း အဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ လျှပ်စစ်ဌာနဝန်ထမ်းများ၊ မြို့မဈေးကော်မတီဝင်များက စစ်ဆေးခဲ့ပြီး၊ မြို့မဈေးကြီးသီးသန့် မီးသတ်တပ်ဖွဲ့ပိုင် မီးသတ်စက်များ၊ ရေပိုက်ငုတ်များ ကောင်းမွန်မှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)