လိပ်သို အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသောကျေးရွာများတွင် အစေးလှီးရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
လိပ်သိုဒေသသည် မိုးများသောဒေသဖြစ်ခြင်းနှင့် ရာသီဥတုအခြေအနေအရ ယခုမှသာ စတင်လုပ်ကိုင်ရကြောင်း၊ ရရှိလာသောရော်ဘာပြားများကို ကျေးရွာအတွင်းရှိ ဝယ်ယူသူများထံသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ရော်ဘာအဝယ်ဒိုင် များသို့လည်းကောင်း ပို့ဆောင်ရောင်းချကြောင်း ရော်ဘာစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
ယခုနှစ်တွင် ရရှိလာသော ရော်ဘာပြားများ၏အရည်အသွေးပေါ်မူတည်၍ ရော်ဘာပြားတစ်ပေါင်ကို (၂၅၀ဝိ/-) ကျပ်မှ (၃၅၀ဝိ/-) ကျပ်၊ ခွက်ကပ်/ခွက်တုံးများကို တစ်ပိဿာလျှင် (၇၀ဝိ/-) ကျပ်မှ (၁၀၀ဝိ/-) ကျပ်၊ ဆွဲဖတ်များကို တစ်ပိဿာလျှင် (၁၀၀ဝိ/-) ကျပ်မှ (၁၂၀ဝိ/-) ကျပ်အထိ ဈေးရရှိလျက်ရှိပြီး ယခင်နှစ်များကထက် ရာသီအစတွင် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ်