နတ်မောက် အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းများကို ကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်၌ ဆက်လက်ကောက်ယူလျက် ရှိသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများကို တိကျမှန်ကန်မှုရှိစေရန်အတွက် စာရင်းစစ်/စာရင်းကောက်များက CAPI နည်းပညာဖြင့် Mobile Tablet အသုံးပြုကာ တစ်အိမ်တစ်ဆင်း ကွင်းဆင်းကောက်ယူနေမှုများကို အခက်အခဲမရှိ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်လံကြည့်ရှုအားပေး၍ စာရင်းကောက်ယူရာ၌ ရပ်ကွက်အတွင်းရှိ နေအိမ်နှင့်လူဦးရေများကျန်ရှိမှုမဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန်မှာကြားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း