ကြံခင်းမြို့နယ် ကမ္ဘာလုံးကျောင်းတိုက်အတွင်း (၂၆) ကြိမ်မြောက်၊ စတုဒိတာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ဖျော်ဖြေပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကမ္ဘာလုံးရိပ်သာကျောင်းတိုက်ဆရာတော် သာသနာဓဇဓမ္မာစရိယ၊ အသောကာရာမိကသာသနပါလဓမ္မာစရိယ အရှင်တေဇာနန္ဒ ဦးစီးကျင်းပသော (၂၆) ကြိမ်မြောက်၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့ရိုးရာခြင်းအလှခတ်ဖျော်ဖြေပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။

မောက်မယ်မြို့နယ်၌ ပျက်စီးသွားတံတားတစ်စင်းအား ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လဆန်းပိုင်းက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်းနေအိမ်အချို့တွင် ရေများဝင်ရောက်ခဲ့ရာ ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရပြီး ကွန်ကျိုင်းရပ်ကွက်နှင့် ကွန်ဆင်ကျေးရွာ ဆက်သွယ်ထားသော တံတားသည်လည်း ရေထဲမျောပါခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ကွန်ကျိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဝါကျွတ်ကန်တော့ပွဲများ ကျင်းပ     

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများအားလုံးကို ရပ်ကွက်/ ကျေးရွာများမှ စုပေါင်း၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ စတင်ပြီး သီတင်းကျွတ်လကွယ်နေ့အထိ တစ်ကျောင်းပြီးတစ်ကျောင်း ရပ်ကွက်/ ကျေးရွာများအလိုက် ဘုန်းကြီးကျောင်းများအား လိုက်လံကန်တော့သည့် အစဉ်အလာသည် ယနေ့အထိ ရှမ်းရိုးရာဓလေ့မပျက် လှည့်လည်ကန်တော့ကြကြောင်း သိရသည်။

ကဝမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့်သစ်ပင်များကို အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ယမန်နေ့ညပိုင်းတွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် အမှတ် (၃) ရပ်ကွက် ကွက်သစ်ပိုင်းနှင့် အမှတ် (၁) ရပ်ကွက်၊ ကြာတောလမ်းတို့တွင် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်း ရေပြည်လည်ကျဆင်းသွားသည့် ဘုန်းတော်ကြီးကျောင်း၊ ဈေး၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေများပြန်လည် ကျဆင်းခဲ့သည့်အတွက် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် တပ်မတော်သားများနှင့်မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများက အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက် အများပြည်သူအပန်းဖြေနေရာများတွင် ပြည်သူများလွတ်လပ်ပျော်ရွှင်စွာဖြင့် စည်ကားနေမှုအား လိုက်လံကြည့်ရှုအားပေး

ကချင်ပြည်နယ်အတွင်းရှိ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေ စသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ်မြောက် ရှမ်းမျိုးနွယ်စုများ ဖိတ်ခေါ်ဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ နောင်ရာဖူဆယ်ကလပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် Light For All Nations Ministry မှ ဖွင့်လှစ်သော Arise New Generations October Children Camp သင်တန်းဆင်းပွဲနှင့် မြစ်ကြီးနားကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် အဆင့်မြှင့်လူနာတင်ကုတင် (၁၆)စုံ လှူဒါန်းပွဲသို့ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်အတွင်းရှိ Light For All Nations Ministry မှ ဖွင့်လှစ်သော “Arise New Generations” October Children Camp သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။

စလင်းမြို့နယ်၌ စင်တင်စိုက်ပျိုးထားသည့် ခဝဲသီးများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ကျေးလက်နေပြည်သူများ မိမိတို့၏ လယ်မြေ၊ ယာမြေနှင့် ဥယျာဉ်ခြံများ၌ ခဝဲပင်များကို တိုင်ထောင်စင်တင်စနစ်ဖြင့် တိုးချဲ့စိုက်ပျိုးခဲ့ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ခဝဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း

ပြည်ထောင်စူနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာအုပ်စုများရှိ ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့ ခုတင် (၅၀၀)ဆံ့ ဆေးရုံကြီး၊ အခြေခံပညာကျောင်းများအတွက် ရုံးသုံးပစ္စည်းများ၊ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ဆန်၊ ဆီ၊ ပဲနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း အမြဲမပြတ် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် အခြေခံပညာကျောင်း (၇) ကျောင်းအတွက် ရုံးသုံးပစ္စည်းများ၊ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ဆန်၊ ဆီ၊ ပဲနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to