ကဝ အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ယမန်နေ့ညပိုင်းတွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် အမှတ် (၃) ရပ်ကွက် ကွက်သစ်ပိုင်းနှင့် အမှတ် (၁) ရပ်ကွက်၊ ကြာတောလမ်းတို့တွင် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၃) ရပ်ကွက်၊ ကွက်သစ် (၂) လမ်းတွင် ဓာတ်ကြိုးများအပေါ် ပိနေမှုသည့် သစ်ပင်နှင့် အမှတ် (၁) ရပ်ကွက်၊ ကြာတောလမ်းမပေါ်တွင် လုံးပတ် (၄) ပေ အမြင့်ပေ (၃၅) ရှိ နေအိမ်ပေါ်သို့ ပိကျနေသည့် ကုက္ကိုပင်တို့ကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးလွင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၁၀) ဦးဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)