မိတ္ထီလာမြို့ ရတနာမာရ်အောင်ဘုရားရင်ပြင်တော်၌ (၁၂) ကြိမ်မြောက် နိဗ္ဗာန်ဈေးရောင်းပွဲတော် ကျင်းပ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်တွင် တည်ထားကိုးကွယ်သော ရတနာမာရ်အောင်ဘုရာ၏ရင်ပြင်တော်၌ (၁၂) ကြိမ်မြောက် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ညနေ ၄ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။