ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း

ပုဗ္ဗသီရိ အောက်တိုဘာ ၂၀

ပြည်ထောင်စူနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာအုပ်စုများရှိ ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) မှ ထောက်ပံ့သောလူတစ်ဦးလျင် ၇ ပြည် ၄ ဘူး၊ အာဟာရဖြည့်ဘီစကစ် ၁၅ ထုပ်၊ ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် ၁.၅ ကီလိုဂရမ်ပါ ၂ ထုပ်၊ ၆ လမှ ၉ လ အရွယ်ကလေးငယ်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် (နို့ပါဝင်သော) ၁.၅ ကီလို ဂရမ်ပါ ၂ ထုပ် နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆပ်ပြာတစ်ခဲစီတို့အား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ အောင်ပန်းကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၁၀၆) စုနှင့် ဘဲကုန်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၂၂၅) စု၊ ဆင်တဲကြီးကျေးရွာရှိ ရေဘေးသင့်ပြည်သူ (၁၀၅၅) ဦးသို့ ပေးအပ်ခဲ့ပြီး ကျန်ရှိသည့်ကျေးရွာများသို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)