ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းနေမှုများ ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ တောင်ကလုံအုပ်စု၊ လက်ပံကုန်းကျေးရွာရှိ တောင်သူဒေါ်ညိုညိုဆန်း၏ ကွင်းအမှတ် (၁၅၉၂)၊ ဦးပိုင်အမှတ် (၇၆/၂) ၌ လက်စိုက်စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေဧရာစပါး အမျိုးအစား စိုက်ဧက (၃)ဧကခွဲ မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။