ကော့သောင်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်စားများအား ဆန်နှင့်ဆီများဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးပြီး အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း‌ခရိုင်၊ ‌ကော့သောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေးအဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆန်နှင့်ဆီများရောင်းချပေးလျက်ရှိပြီး ဘဏ်အတွင်းတွင် ပင်စင်လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

စမ်းချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို စမ်းချောင်းမြို့နယ်၊ လင်းလွန်း(မြောက်)ရပ်ကွက်နှင့် ​သံတံတားရပ်ကွက်တို့၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၂၄ခုနှစ် နေပြည်တော်တွင် ကျင်းပသည့်တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ရတနာပုံတက္ကသိုလ်မှ ဆုရရှိကြသည့်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဘာသာရပ်ပေါင်းစုံ အားကစား ပြိုင်ပွဲဖွင့်ပွဲပြုလုပ် 

၂၀၂၄ခုနှစ် နေပြည်တော်တွင် ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ပေါင်းစုံအားကစား ပြိုင်ပွဲများတွင် ရတနာပုံတက္ကသိုလ်မှ ဆုရရှိခဲ့ကြသည့် အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်အားကစားခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြဆရာ/ဆရာမများ၊ ဆုရရှိကြသောအားကစား သမားများနှင့်၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဘားအံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် အားကစားပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့် မေဂျာအသီးသီးမှ ကျောင်းသား/ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များ၊ အခြေခံပညာကျောင်းများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုဝေဟိန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများပူးပေါင်း၍ အမှိုက်များကင်စင်ရေးနှင့်မီးချိပ်၊မီးကတ်၊ရေ၊သဲ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ယမန်နေ့နံနက်ပိုင်းကလိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၁၂၁ ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် တောင်သူများက ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း (၁၁၂၁) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပုံပါကျင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီက မူလွန်(နယ်ခြား)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်(ပဉ္စမ)နှစ်ပတ်လည်အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်(ပဉ္စမ)နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က သာသနာ့ဝေပုလ္လကျောင်းတိုက် မဟာဝိဇယဓမ္မ ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း ဖွင့်လှစ်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယနေ့နံနက် ၉ နာရီက တာချီလိတ်မူလတန်းလွန်ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to