စလင်းမြို့နယ်၌ မိုခါလူသားချင်းစာနာမှုအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ငွေသားများ ထောက်ပံ့ပေးအပ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ကျေးရွာရှိ ရပ်ရွာလူထုအတွက် လူသားချင်းစာနာမှုအစီအစဉ်ဖြင့် ရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများနှင့် ငွေသားများထောက်ပံ့ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ မိနစ် ၃၀အချိန်က နွယ်တမယ်ကျေးရွာရှိ ဘုရားတန်ဆောင်းအတွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။