စစ်ကိုင်းပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေး(အ.လ.က)တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၂၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေးအခြေခံပညာအလယ်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် သုတ/ရသစာအုပ်များကို ဖတ်ရှုလေ့လာကြဖို့လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိ ပညာဗဟုတများတိုးပွားကာ အမှား/အမှန်ခွဲခြား သိမြင်လာကြလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် စာအုပ်များအခမဲ့ ငှာရမ်းပေးနေသည့်အတွက် လာရောက်ငှားရမ်း ဖတ်ရှုလေ့လာကြဖို့ ဖိတ်ခေါ် လိုကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လုပ်ငန်းရှင် များနှင့်ပတ်သက်သည့် ဥပဒေနည်းဥပဒေများအကြောင်းကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ ပြသထားသည့် အသိပညာပေးနံရံကပ်ဓာတ်ပုံများ၊ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ် များကို ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး စာကြည်တိုက်မှူး ဒေါ်ဇာဖြူထွန်းက KG တန်း ကလေးငယ်များအား ပုံပြင်များပြောပြပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်