နတ်မောက် အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး ဦးစီးအရာရှိက လူငယ်ရေးရာဟောပြောကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရေး၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံလာစေရေး၊ ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ၊ အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေးအတွက် လူငယ်စကားဝိုင်းများ၊ လူငယ်အသိပညာပေးဟောပြောပွဲများကို ကျင်းပပေးလျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် ယခုလို အသိပညာပေးဟောပြောပွဲမှ ရရှိသည့်အသိပညာဗဟုသုတများကို မိမိနှင့်မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိရှိကြံဆအသုံးပြုတတ်စေရေန် လိုအပ်ပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကိုဖြစ်စေမယ့် စာအုပ်စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးစာအုပ်စာစောင်များကိုလည်းပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုကြသည်။
လှဝင်း