ချမ်းအေးသာစံ အောက်တိုဘာ ၂၄
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၈ လမ်း၊ ၃၄ × ၃၅ ကြား ပညာရေးကောလိပ်ဈေးဆိုင်တန်းရှိ Sugar Mommy Tea ဆိုင်တွင် ယမန်နေ့နံနက် (၀၇း၂၅)နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ စစ်နယ်မြေ(၃)ဗိုလ်မှူး ထက်ခိုင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးအေးလင်းထွန်း၊ အမှတ်(၃)နယ်မြေရဲစခန်းမှူး ရဲအုပ်မောင်မောင်ထင်ထက်ထွန်း၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးဇော်ဝင်းထွန်းနှင့် သန္ဓေမီးသတ်(၂၀)ဦး၊ အရန်မီးသတ်(၄၀)ဦးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ မီးငြှိမ်းသတ်ယာဥ်(၇)စီး၊ ရေသယ်ယာဥ်(၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ (၀၇း၃၅)နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး (၀၇း၄၀)နာရီတွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုသည် ဈေးဆိုင်ခန်းအတွင်း လျှပ်စစ်ရေနွေးအိုးမှတစ်ဆင့် အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်