လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြို့ဦးဆုတောင်းပြည့် အောင်မြေသာယာရွှေစေတီတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်ခြင်း အခမ်းအနား ကျင်းပ

လှိုင်သာယာ (အရှေ့ပိုင်း) အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာယာဘုရားဝန်းအတွင်း မြို့ဦးရွှေစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီ၌ သံဃာတော်အရှင်သူမြတ်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖ ဧည့်ပရိသတ်တို့မှ စုပေါင်းပူဇော်ခြင်းဖြင့် အခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များ၊ ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး (၅)ပါးသီလခံယူဆောက်တည်ကာ ဌာပနာပစ္စည်းများ၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပရိတ်တရားချီးမြှင့်ပြီး ရေစက်သွန်းချ အမျှပေးဝေသည်။

ထို့ပြင် မြို့ဦးစေတီတော်မြတ်ကြီးအား လက်ယာရစ်(၁)ပတ်ပင့်ဆောင်ပြီး ဌာပနာတော်ပစ္စည်းများဖြင့်ပူဇော်ပြီး ဇေဇိတံမေရွတ်ဆိုပြီး အောင်ပြီ(၃)ကြိမ်ကြွေးကြော်ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုရွတ်ဆို၍ ရွှေမိုးငွေမိုးရွာသွန်းပြီး သံဃာတော်ဆရာတော်ကြီးများအား ဆွမ်းဆက်ကပ်လှူဒါန်း ဆောင်ရွက်သည်။

အခမ်းအနားသို့ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်နှင့်ဇနီးဒေါ်ရွှေယမင်းဦးအဖွဲ့ဝင်များ၊ ဒုတိယဗိုလ်မှူးကြီးထွန်းထွန်းနှင့်ဇနီး၊ လှိုင်သာယာ(အရှေ့ပိုင်း)စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်ဇနီး၊ လှိုင်သာယာ(အနောက်ပိုင်း)ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ တိုင်းအုပ်ချုပ်ရေးမှူး(ငြိမ်း)ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးဦးသန့်ဇင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ အလှူရှင်များ၊ ဝတ်အသင်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်သူလူထုများကလည်း စည်ကားစွာတက်ရောက်လျက်ရှိပြီး လုံခြုံရေးကိုလည်း (၂၀၅)တပ်ရင်းမှ ဗိုလ်ကြီးတင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဇော်မင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖဝင်တို့က ဆောင်ရွက်ပေး၍ အဆိုတော် စိုးစန္ဒာထွန်းဂီတအဖွဲ့တို့မှ ပူဇော်သီချင်းများဖြင့် ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။ တင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဇော်မင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်တို့က ဆောင်ရွက်ပေး၍ အဆိုတော် စိုးစန္ဒာထွန်းဂီတအဖွဲ့တို့မှ ပူဇော်သီချင်းများဖြင့် ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။

ခင်ဝင်းမူ (ပြန်၊ ဆက်)