ဖြူး အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖြူးဘိုးဘွားရိပ်သာအတွက် ဆေးပဒေသာပင်လှူဒါန်း၍ သန့်ရှင်းရေးပြုလုပ်ပေးခြင်းများကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူနှင့်ဝန်ထမ်းများက ဖြူးဘိုးဘွားရိပ်သာအတွက် ဆေးပဒေသာပင် အလှူငွေကျပ်(၁) သိန်းအား ပေးအပ်လှူဒါန်းရာ မြို့နယ်ဘိုးဘွားစောင့်ရှောက်ရေးအသင်း ကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ ဦးပုကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အဘိုးအဘွားများ၏ အိပ်ဆောင်ပတ်ဝန်းကျင်တွင် စုပေါင်းသန်ရှင်းရေးများ ဆောင်ရွက်ပေး ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)