တပ်ကုန်း အောက်တိုဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီ တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့်နေကြာစသည့် သီးနှံမျိုးစုံ ၂၃၁၉၈ ဧကလျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးအတွက် ဆီထွက်သီးနှံမျိုးစုံထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့်များသုံးစွဲရေးနှင့် စိုက် စနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး၊ ဆီထွက်သီးနှံ များ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ အရည်အသွေးကောင်းရရှိရေး၊ ပန်းတိုင်အထွက် နှုန်းရရှိရေး၊ နည်းပညာရပ်များ ရယူသုံးစွဲနိုင်ရေးနှင့်စျေးကွက်ဝင် ဆီထွက်သီးနှံများကို စိုက်ပျိုး ကြရေးကိုလည်း စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံများလျာထား စိုက်ပျိုး မှုအနေဖြင့် မြေပဲ ၁၀၇၉၄ ဧက၊ နှမ်း ၁၁၃၆၇ ဧကနှင့် နေကြာ ၁၀၃၇ ဧက၊ စုစုပေါင်း ၂၃၁၉၈ ဧက စိုက်ပျိုးမည်ဖြစ်ပြီး၊ မြို့နယ်အတွင်းသာမက ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဒေသခံ တောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်အောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်