ကျောက်တန်း အောက်တိုဘာလ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(သော်ကကျောင်း)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သော်ကရတနာပညာရည်ချွန်ဆုချီးမြှင့်ရေးအဖွဲ့၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း မှော်ဝန်းရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သန်းဦးမှ ဂုဏ်ပြုအမှာစကားပြောကြားပြီး သော်ကရတနာပညာရည်ချွန်ဆုချီးမြှင့်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်စည်က ပညာရည်ချွန်ဆုချီးမြှင့်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဆုရကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ကာ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ခဲ့သည်။
အခမ်းအနားတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းဦး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆုရကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နေလင်းကျော်(ပြန်/ဆက်)